
Maubin #1 Teaching Trip
Trip Summary မေလ ၂၀ ရက်နေ့၊ ၂၀၁၉ ခုနှစ်ကနေ မေလ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်အထိ မအူပင် ကွန်ပျူတာ တက္ကသိုလ်မှာ Linux Fundamental Course ခေါင်းစဉ်နဲ့ Linux ပိုင်းဆိုင်ရာတွေကို သွားရောက် ပို့ချပေးဖြစ်ခဲ့ပါတယ်။ သွားရောက်ပို့ချပေးဖို့အတွက် ၁၈ ရက်နေ့ထဲက မအူပင်မြို့ကို ရောက်ရှိနေခဲ့ပါပြီ။ မောင်မန်း (မျိုးမြင့်အောင်) ရဲ့ …
Trip Summary
မေလ ၂၀ ရက်နေ့၊ ၂၀၁၉ ခုနှစ်ကနေ မေလ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်အထိ မအူပင် ကွန်ပျူတာ တက္ကသိုလ်မှာ Linux Fundamental Course ခေါင်းစဉ်နဲ့ Linux ပိုင်းဆိုင်ရာတွေကို သွားရောက် ပို့ချပေးဖြစ်ခဲ့ပါတယ်။
သွားရောက်ပို့ချပေးဖို့အတွက် ၁၈ ရက်နေ့ထဲက မအူပင်မြို့ကို ရောက်ရှိနေခဲ့ပါပြီ။ မောင်မန်း (မျိုးမြင့်အောင်) ရဲ့ အိမ်မှာ ကနဦး စတင် နေထိုင်ခဲ့ပါတယ်။ သင်တန်းစတဲ့ ၂၀ ရက်နေ့က စ ပြီး ကျောင်းတွင်း ဧည့်ဆောင်မှာ နေထိုင်ခဲ့ပါတယ်။
Linux Fundamentals လို့ပြောပေမယ့် တကယ်တန်းတော့ Linux Junior System Administrator အထိ ရရှိနိုင်မယ့် အတန်းတစ်ခုဖြစ်ခဲ့ပါတယ်။ ပါဝင်ခဲ့တဲ့ ခေါင်းစဉ်ခွဲတွေကတော့
- Linux Knowledge Base
- Storage Management
- Permissions in Linux
- Secure Web Server Installation with Virtual Hosts
- Real World Experiences
စတဲ့ ခေါင်းစဉ်ခွဲတွေပဲဖြစ်ပါတယ်။
ဆက်လက်ပြီး Fourth Year CT Student တွေ အတွက် Project ပိုင်းဆိုင်ရာ Idea တွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ နောက်ပြီး First Year ကျောင်းသားကျောင်းသူတွေကိုတော့ သူတို့ သင်ရတဲ့ ဘာသာရပ်ထဲက Cyber Security ပိုင်းဆိုင်ရာတွေကို အသိပညာမျှဝေခြင်းဖြင့် ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။
ပါမာက္ခချုပ် ဒေါ်သန္တာသိန်း ရဲ့ စီမံမှုနဲ့ အစစအရာရာ လိုလေသေးမရှိအောင် ကျောင်းက စာရေးများ၊ ဆရာဆရာမ များက အထူးဂရုစိုက်ခဲ့တဲ့အတွက် ကျွန်တော်ကော ကျွန်တော်နဲ့ အတူတူပါလာခဲ့တဲ့ နိုင်လင်းအောင်ကောအဖို့ ပျော်ရွှင်ပြီး အစစအရာရာ အားလုံးအဆင်ပြေတဲ့ သင်ကြားရေးခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။
Experiences
#1 Computer Specifications
Linux Fundamentals သင်တန်းကို သင်ကြားပေးခဲ့တာတော့ စက်ခန်း (E) မှာပါ။ Linux OS တွေကို Installation ပြုလုပ်တာတွေ ပြသပြီး လက်တွေ့လုပ်ဆောင်ဖို့အတွက် စက်ခန်းထဲက Computer တွေမှာ VirtualBox တွေကို ထည့်သွင်းဖို့လိုအပ်နေခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် စက်ခန်းထဲက စက်တွေဟာ Specification ကိုက်ညီရဲ့လား CPU တွေက Virtualization ကို Support လုပ်ရဲ့လားဆိုတာကို စစ်ဆေးမကြည့်ခင်မှာ သံသယ ဖြစ်မိတာအမှန်ပါပဲ။ ဒါကြောင့် စစ်ဆေးကြည့်တော့ Intel Core i7 နဲ့ RAM 8 GB တွေတပ်ထားတာတွေ့ရတာပါပဲ။ တကယ်ကို ထင်မထားတဲ့ Specification အမြင့်တွေဖြစ်နေတာမို့ အံ့အားသင့်ခဲ့ရပါတယ်။
#2 Weather Disturbance
Linux Fundamentals အတန်းရဲ့ စတုတ္ထမြောက်နေ့ ဖြစ်မယ်လို့ ယူဆပါတယ်။ အဲဒီနေ့မှာတော့ သင်တန်းသင်နေရင်း မိုးတွေရွာလာတယ်။ မိုးသံလေသံတွေ ဆူညံနေတာမို့ လူ ၅၀ လောက်ရှိတဲ့ ကွန်ပျူတာခန်းထဲမှာ ကျွန်တော့်ရဲ့ ပုံမှန်အသံဟာ တစ်ခန်းလုံးကို မလွှမ်းမိုးနိုင်တော့ပါဘူး။ နောက်ဆုံး ၂ တန်းလောက်က ကျွန်တော့် စကားသံကို သဲသဲကွဲကွဲ ကြားရဟန် မတူတော့တဲ့ အနေအထားတွေ မြင်တွေ့လာတဲ့အခါမှာတော့ ပုံမှန်ထက် အသံကို အားစိုက်မြှင့်တင်ပြီး ပြောခဲ့ရပါတယ်။ အဲ့နေ့ပြီး နောက်နေ့လည်းကျရော ၁ ရက်လောက် ကျွန်တော်လည်ပင်းနာသွားခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်နေ့ကစပြီး အခန်းထဲမှာ Speaker တစ်လုံးနဲ့ Microphone တစ်ခုကို တက္ကသိုလ်က အဆင်သင့် ထားရှိပေးထားပါတယ်။ မိုးရွာလို့ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် သင်တန်းသင်နေချိန်အတွင်း လျပ်စစ်မီး ပြတ်တောက်သွားပါက ချက်ချင်း မီးစက်နှိုးပြီး သင်တန်းကို ဆက်လက်သင်နိုင်အောင်လည်း စီစဉ်ပေးထားခဲ့ပါသေးတယ်။
Conclusion
ကျွန်တော်ကိုယ်တိုင် ပို့ချခဲ့တဲ့ သင်တန်းကော Knowledge Sharing Session တွေကော အားလုံးဟာ ကျောင်းသားကျောင်းသူတွေနဲ့ တက်ရောက်ခဲ့သူ အားလုံးအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေ ဖြစ်ခဲ့မယ်လို့ ယုံကြည်ပါတယ်။ အားလုံးကိုလည်း အခမဲ့ သင်ကြားပေး၊ အသိပညာ မျှဝေပေးနိုင်ခဲ့လို့လည်း အထူးပင် ဝမ်းသာပီတိဖြစ်ခဲ့ရပါကြောင်း မှတ်စုတစ်ခုအနေနဲ့ ရေးသားရင်းနဲ့ ဒီ Post ကို နိဂုံးချုပ်လိုက်ပါတယ်။
Photo Gallery
Final Day of Linux Fundamental Course Final Day of Linux Fundamental Course First Day of Linux Fundamental Course Teaching Linux Fundamental Course Teaching Linux Fundamental Course Me & the room I live in school SAT SUN – Close Teaching Teaching Linux Fundamental Course Exam – Linux Fundamental Course Teaching Linux Fundamental Course Knowledge Sharing to First Year Students Group Photo of all the attendees